Wednesday, July 29, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ည (၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့် အတူ မကွေးမြို့နယ်၊ ကံပြားအရှေ့ ကျေးရွာ ၀င်/ထွက် မောင်းတံဂိတ်တွင် ၁င/၈၄၈၁ AA Express မကွေး-မူဆယ် ခရီးသည် တင်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ပါလာသော မကွေးမြို့၊ မြင်သာရပ်ကွက်၊ (၂၈)လမ်းနေသူ မဖြူနှင်းဝေ (၂၀)နှစ်၊ မကွေးမြို့နယ်၊ အောင်ပုံ (တောင်) ရွာနေသူ မနှင်းနှင်း (၂၂)နှစ်၊ မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက်နေသူ မသဇင်နွယ် (၂၃) နှစ်၊ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်နေသူ မမေမြတ်နိုး (၂၈)နှစ် တို့(၄)ဦးအား အောင်လံမြို့၊ ဘိုကုန်းရပ်ကွက်နေသူ မင်းခိုင် (၂၇)နှစ်မှ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အလုပ် လုပ်ကိုင် ပါက တစ်လလျှင် ငွေ ၈၀၀၀၀၀ိ/- ရမည်ဟု စည်းရုံး ခေါ်ဆောင်လာသည်ကို စစ်ဆေး တွေ့ရှိရ သဖြင့် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အကျိုးဆောင်လိုင်စင်မရှိဘဲ ပြည်ပသို့ ပို့ဆောင်ပေးသူ မင်းခိုင်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၂၁၄/၂၀၁၅၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေပုဒ်မ ၂၆ အရ အမှုရေး ဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video