Tuesday, July 28, 2015
6:38 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီက တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မင်းဘူးခရိုင်အတွင်း ဆည်တမံများအား ရေ၀င်ရောက်မှုအခြေအနေ၊ ကြံ့ခိုင် မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင် တမံသို့ရောက်ရှိခဲ့ရာ တိုင်းဒေသကြီး ဆည်မြောင်းထိန်းသိမ်းရေးမှ တာဝန်ရှိသူများမှ မန်းချောင်းရေလှောင်တမံအတွင်း ရေ၀င်ရောက်မှုအခြေအနေ ဒေသတစ်ဝိုက် မိုးရွာသွန်းမှုအခြေ အနေ ယခင်နှစ်များက မိုးရွာသွန်းမှုအခြေအနေနှင့် ရေ၀င်ရောက်မှုအခြေအနေ၊ မန်းချောင်း ရေလှောင်တမံ ရေပိုလွှဲမှရေများရေလွှဲနေမှုအခြေအနေ၊တမံကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထား ရှိမှုများ၊အရေးပေါ် အခြေအနေနှင့်ကြုံလာပါက ဆောင်ရွက်ရန်အတွက် ဇာတ်တိုက်လေ့ကျင့် ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေမှ တင်ပြချက်များ အပေါ် ကြိုတင်ပြင်ဆင်ရန်ရှိသည်များအားလမ်းညွှန်မှာကြားပြီး လိုအပ်ချက်များအပေါ် တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ထို့နောက် မန်းချောင်း ရေလှောင်တမံသို့ရေ၀င်ရောက်မှုနှင့် ရေပိုလွှဲမှ ထုတ်လွှတ်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီိးချုပ်သည် မွန်းလွဲပိုင်းတွင် မန်းရွှေစက်တော် ဘုရားသာသနဗိမာန်အား ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီမှဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ် ဆေးပြီး တာဝန်ခံအင်ဂျင်နီယာနှင့်ဂေါပက အဖွဲ့များအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းမီအောင်ဆောက်လုပ်ရေး၊ မိုးတွင်း ကာလ ဖြစ်သဖြင့် အလေအလွင့်ပျက်စီးဆုံးရုံးမှု မရှိစေရေးအတွက် တာဝန်ရှိသူများမှကြပ်မတ် ဆောင်ရွက်ရေးကိုမှာကြားပြီး တာဝန်ခံ အင်ဂျင်နီယာမှ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။၎င်းနောက် မန်းချောင်းရေမြင့်တက်လာမှုကြောင့် မန်းရွှေစက်တော် အောက်စက်တော်ရာဘုရား ရေနစ်မြုပ်မှု အခြေအနေ ကိုကြည့်ပြီး ဘုရားပရ၀ဏအတွင်း မန်းချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆောင်ရွက်ထားရှိကြရန်နှင့် ရေကျပါက ဘုရားဖူးလာပြည်သူများ သန့်ရှင်း သပ်ရပ်စွာကြည်ညိုနိုင်ရန်အတွက် အမြန်ဆုံးသန့်ရှင်းရေးဆောင်ရွက်ကြရေးတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများ ဘုရားဂေါပကအဖွဲ့များအား မှာကြားကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဲဇလီရေလွှဲဆည်သို့ နေ့လည် ၁ နာရီခွဲတွင် ရောက်ရှိခဲ့ပြီး မဲဇလီရေလွှဲဆည်အတွင်းရေ၀င်ရောက်မှုအခြေအနေ ဆည်ကြံ့ခိုင်မှုအခြေအနေ ရေပိုလွှဲမှရေထုတ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ များကရှင်းလင်တင်ပြခဲ့သည်။ထို့နောက် မဲဇလိရေလွှဲဆည်ကြံ့ခိုင်မှု အခြေအနေတို့ကို အသေး စိတ် ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဇလီရေလွဲဆည်မှ တောင်မုန်းမြောင်းမကြီးအတွင်း ရေစီးဆင်း ၀င်ရောက်မှု၊ စပါးစိုက်ပျိုးရန်အတွက် ရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment