Tuesday, July 28, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကန်နယ်မြေရဲခစန်း၏ မြောက်ဘက် (၇)မိုင်ခန့် အကွာရှိ မိုးစို(ရွာမ)ကျေးရွာအနီး မြစ်သာမြစ်အတွင်းသို့ ကလေးတစ်ဦး ပြုတ်ကျ ရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဂန့်ဂေါမြို့နယ်၊ မိုးစို(ရွာမ) ရွာနေသူ မမေသက်ခိုင် (၇)နှစ်သည် ညီမ၀မ်း ကွဲတော်စပ်သူ မမိကဲကဲ (၇)နှစ်နှင့်အတူ မိဘ အုပ်ထိန်းသူများ မပါဘဲ ရွာ၏ အနောက် ဘက် မြစ်ကမ်းပါးသို့ မြစ်သာမြစ် ရေကြီးနေသည်ကို သွားရောက် ကြည့်ရှုရာ ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုကျစဉ် မမေသက်ခိုင်မှာ မြစ်အတွင်းသို့ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး သိရှိရ သဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video