Tuesday, July 28, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ (၂)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်ထု-ပေါက် ကားလမ်းမိုင်တိုင်အမှတ် ၇၆/၀ အနီး လမ်းအလုပ်သမားများ နေထိုင်သော တဲစုသို့ အရောက်တွင် ရမည်းသင်း မြို့နယ်၊ ညောင်အိုင် ကျေး ရွာနေသူ ရဲမင်းပိုင် (၂၃)နှစ် နှင့် ပြင်စလူမြို့နယ်၊ ဂုံညှင်းတန်းရွာနေသူ စည်သူမောင် (၂၄)နှစ် တို့ နှစ်ဦး ထံမှ XIAM FENG အမျိုးအစား အပြာနုရောင် ဆိုင်ကယ်(၁)စီး၊ SAMSUNG ဟန်းဆက်တစ်လုံးတို့အား မသင်္ကာဖွယ် တွေ့ရှိစစ်မေးရာ ရဲမင်းပိုင်နှင့် စည်သူမောင် တို့မှ ၄င်းတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် နေအိမ်အဆောက်အဦ တစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာ ၍ ရဲမင်းပိုင်နှင့်စည်သူမောင် တို့အား ဆောမြို့နယ်၊ ကျောက်ထု နယ်မြေရဲစခန်း (ပ)၅၆/၂၀၁၅၊ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှု ရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video