Tuesday, July 28, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ (၃း၁၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ယင်းဆိပ်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးတွင် မီးလောင်ဒဏ်ရာဖြင့် လူတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မကွေးမြို့နယ်၊ ဆူးကောက်စမ်း ကျေးရွာနေသူ စန်းလွင်ဦး (၂၅)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်း၏ ဇနီးဖြစ်သူ မချောစုလှိုင်နှင့်အတူ မကွေးမြို့နယ်၊ ပုထိုးကျေးရွာ ရှိ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့ (၅၀)နှစ်၏နေအိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် ၂၃.၇.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် စန်းလွင်ဦးမှာ ဆေးလိပ်သောက်ပြီး နေအိမ်ဝိုင်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်အား ဓါတ်ဆီဖြည့်ရန်အတွက် ဓါတ်ဆီဗူး (တစ်လီတာဆံ့ ရေသန့်ဗူး) အား ယူလာစဉ် ဓါတ်ဆီဗူးပေါ်သို့ ဆေးလိပ် မီးပွားကျပြီး ဓါတ်ဆီဗူးမှတစ်ဆင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး မီးကူးစက် လောင်းကျွမ်း ဒဏ်ရာများ ရရှိခဲ့ သဖြင့် ၁၉၃၀ အချိန် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ၂၆.၇.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန်တွင် မီးလောင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့် မီးပေါ့ဆစွာ သုံးစွဲ၍ ခန္ဓာကိုယ်အား မီးကူးစက် လောင်ကျွမ်း သေဆုံးသူ စန်းလွင်ဦးအား မကွေးနယ်မြေရဲစခန်း (ပ)၂၁၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video