ဂန့်ဂေါ ဇူလိုင် ၂၇
ဂန့်ဂေါမြို့နယ်၌ ဇူလိုင် ၂၅၊ ၂၆၊ ၂၇ ရက်များတွင် မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးကားလမ်း ဂန့်ဂေါမြို့နှင့် စိုင်ဒူးကျေးရွာကြား မဖေးချောင်းရေမြင့်တက်လာကာ မဖေးချောင်း တံတားမှာ ရေနစ်မြုပ်သွားသဖြင့် အဆိုပါတံတားပေါ် မော်တော်ယာဉ်များ ဖြတ်သန်းနိုင်ခြင်းမရှိသည့်အတွက် ယာဉ်ကြောပိတ်ဆို့သွားသည်။
အဆိုပါ ချောင်းရေလျှော့နည်းသွားသည့်အခါတွင် မော်တော်ယာဉ်များ လွယ်ကူစွာပြန်လည်သွားလာ နိုင်ရေးအတွက် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ လမ်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ ကာကွယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီဝင်များ အနီးကပ်ဦးစီးဆောင်ရွက်လျှက်ရှိကြသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment