ရေနံချောင်း ဇူလို်င် ၃၁
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်
ဧရာဝတီမြစ်ဘေးရှိကျေးရွာများဖြစ်သည့် ၀က်လွတ်အုပ်စု၊ ၀က်မစွတ်အုပ်စု ငါးလန္တာကျေးရွာနှင့်
ဘူကျွန်းကျေးရွာအုပ်စုတို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် တိရိစ္ဆာန်များကိုဘေးလွတ်ရာသို့
ရွှေ့ပြောင်းလျှက်ရှိကြောင်းသိရသည်။
ဝက်လွတ်ကျေးရွာအုပ်စုတွင်မြစ်ရေ(၂)ပေခန့်၊
ဝက်မစွတ်အုပ်စု ငါးလန္တာကျေးရွာတွင် မြစ်ရေ(၂)ပေခန့် နှင့်ဘူးကျွန်းကျေးရွာအုပ်စုတွင်
မြစ်ရေ(၁)ပေခွဲခန့်ဝင်ရောက်လျှက်ရှိသောကြောင့် ၀က်လွတ်ကျေးရွာအုပ်စုမှ နွားကောင်ရေ(၉၉၁)ကောင်ကို
ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာဂါတ်ကျွန်း၊ပေါက်စုနှင့်ကန်ကုလားကျေးရွာများသို့ လည်းကောင်း
ဝက်မစွတ်ကျေးရွာအုပ်စုငါးလန္တာကျေးရွာမှ နွား(၁၂၈)ကောင်ကို ကျည်းကြီး၊၀က်မစွတ်ကျေးရွာများ
နှင့် ဘူးကျွန်းကျေးရွာအုပ်စုမှ နွားများကိုရေနံချောင်းမြို့ မြို့မမြောက်ရပ်ကွက်ရှိ
ရွှေစေတီဘုန်းတော်ကြီးကျောင်း နှင့်ဂိုဏ်းအုပ်ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်းနှင့်
ကျန်ရှိသောနွားများကို ရွှေ့ပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အဆိုပါမြစ်ရေ၀င်ရောက်မှုကြောင့် တိရိစ္ဆာန်များကိုဘေးလွတ်ရာသို့
ရွှေ့ပြောင်းလျှက်ရှိသော်လည်း လုူနေအိမ်များရွှေ့ပြောင်းခြင်းမရှိသေးကြောင်းနှင့် ဧ၇ာဝတီမြစ်ရေမှာ
နှစ်စဉ်ဝင်ရောက်မြဲဖြစ်ကြောင်းဒေသခံ တစ်ဦးကပြောသည်။
0 comments:
Post a Comment