Tuesday, July 21, 2015






မကွေး     ဇူလိုင်     ၂၀
    ၂၀၁၅-ခုနှစ် မကွေးဇုန် တက္ကသိုလ်၊ဒီဂရီကောလိပ် ပေါင်းစုံဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
    ဖွင့်ပွဲအခမ်းအနားတွင် မကွေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာကြီးဒေါက်တာ သစ်လွင်က ကွင်းဖွင့်အမှာစကားပြောကြားရာတွင် ဒီိလို အားကားပြိုင်ပွဲတွေကို ကျင်းပပေးရတာ ဟာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့လမ်းညွှန်မှု၊အားကစားနှင့်ပညာရေးပေါင်းစပ်မှု ဦးစီးကော် မတီရဲ့ကြီးကြပ်မှုနဲ တက္ကသိုလ် ဒီဂရီကောလိပ်များမှာ အားကစားဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် အရှိန်အဟုန်မြှင့်ဆောင်ရွက်စေတာဖြစ်ကြောင်း၊ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ(Asean University Games – AUG) ဒေသတွင်းအားကစားပြိုင်ပွဲများကို (၂)နှစ်(၁)ကြိမ် အလှည့်ကျ အိမ်ရှင်အဖြစ် အာဆီယံနိုင်ငံများက လက်ခံကျင်းပလျက်ရှိပြီး ၂၀၁၆ခုနှစ် ဇွန်လမှာ (၁၈)ကြိမ် မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ(AUG)ကို စင်္ကာပူနိုင်ငံမှာ ကျင်းပမှာဖြစ်ကြောင်း၊မြန်မာ့တက္ကသိုလ် လက်ရွှေးစင် အားကစားအသင်းကို အထက်မြန်မာပြည်တက္ကသိုလ် လက်ရွှေးစင်အသင်းနဲ့အောက်မြန်မာပြည် တက္ကသိုလ်လက်ရွှေးစင် အားကစားအသင်းများမှစုစည်း ရွှေးချယ် ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်လို့ အထူးကျိုးစားကြရန် လိုအပ်ကြောင်း၊ဘော်လီဘော ပြိုင်ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကတော့ တက္ကသိုလ် ကောလိပ် များရဲ့အားကစားအဆင့်အတန်း  မြှင့်တင်ဆောင်ရွက်ရန်၊ ကျောင်းသားကျောင်းသူ အချင်းချင်း ချစ်ကြည်ရင်းနှီးရေးနှင့်စစ်မှန်သော အားကစား စိတ်ဓာတ်အပြည့်အ၀နဲ့ အားကစားကို ချစ်မြတ်နိုးလာစေရန်၊တက္ကသိုလ်များမှ ဥာဏ်ရည်မြင့်မားပြီး တည်ငြိမ်ရင့်ကျက်တဲ့ နိုင်ငံကိုယ် စားပြု ထူချွန်တဲ့အားကစားသမားများ ပေါ်ထွက်လာစေရန်၊အာဆီယံတက္ကသိုလ်များပြိုင်ပွဲ (AUG) တွင် အဆင့်အတန်းမီ ပါဝင်ယှဉ်ပြိုင်နိုင်သော နိုင်ငံဂုဏ်ဆောင် တက္ကသိုလ်ပေါင်းစုံ လက်ရွှေးစင် အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ကောင်းများနဲ့ ကျင်းပပေးနေခြင်း ဖြစ်ကြောင်း၊တက္ကသိုလ် ကျောင်းသားများပီပီ စည်းကမ်းအဆင့်အတန်းရှိစွာကစားကြပြီး မိမိတို့ ကျောင်းရဲ့ဂုဏ်ကို မြှင့်တင်ကြပါ၊ဒါမှသာ မိမိတို့တက္ကသိုလ် ဒီဂရီကောလိပ်များရဲ့ဂုဏ်၊ မကွေးဇုန်ရဲ့ဂုဏ်၊နိုင်ငံတော်ရဲ့ဂုဏ်ကို ဆောင်နိုင်တဲ့ အရည်အသွေးမြင့် တက္ကသိုလ်များ ကိုယ်စားပြု နိုင်ငံလက်ရွှေးစင် ဘော်လီဘော အားကစားသမားကောင်းများဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကွေးဇုန်ဘော်လီဘောပြိုင်ပွဲကြီးအား ဖွင့်လှစ်ပေးခဲ့သည်။
    အဆိုပါပြိုင်ပွဲတွင် အခြေခံကျန်းမာရေးတက္ကသိုလ်၊မကွေးတက္ကသိုလ်၊ မကွေးပညာရေး ကောလိပ်၊ရေနံချောင်းဒီဂရီကောလိပ်၊ ပခုက္ကူတက္ကသိုလ်များမှဘော်လီဘော လက်ရွှေးစင်အသင်း များယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဇူလိုင် ၂၀ ရက်နေ့မှ ၂၅ ရက်နေ့ထိကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဖွင့်ပွဲတွင် မကွေးတက္ကသိုလ်လက်ရွှေးစင်အသင်းနှင့် အခြေခံကျန်းမာရေးတက္ကသိုလ် အသင်း တို့ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video