Tuesday, July 21, 2015

ချောက်    ဇူလိုင်  ၁၉  ရက်
     မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက  ၆၈ နှစ်မြောက် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စုး၍ သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ ဆွမ်းကပ် ပရိတ်တရားတော်နာ ကျင်းပသည်။
      အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှပင့်သံဃာတော်များအား ၆၈ နှစ်မြောက်အာဇာနည်နေ့ ကျင်းပရခြင်း ကိစ္စအား လျှောက်ထား၍ မြို့နယ်သံဃာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တတိက္ခသာရ မှငါးပါးသီလနှင့် အနုမောဒနာတရားတော်အားချီးမြှင့်တော်မူရာ တက်ရောက်လာကြသူများက ငါးပါးသီလစောင့်တည်ခဲ့၍ တရားတော်နာကြားခဲ့သည်။
      ထို့နောက် ပင့်သံဃာတော်များအား ဝတ္ထုငွေများ ဆွမ်းများဆပ်ကပ်လှူဒါန်း၍ ရေစက်သွင်းချ အမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနာစိရံတိသတု  ၃ကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်းနှင့် ဌာနဆိုင်ရာများ ကော်မရှင်အဖွဲ့များ နိုင်ငံရေးပါတီဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့မိမြို့ဖစသည်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video