ငဖဲ ဇူလိုင် ၂၀
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေကျပ်သိန်း(၃၀၀)ဖြင့် အကောင်အထည်
ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ငဖဲမြို့နယ် တောင်ပေါ်ဒေသ လိုင်ကျေးရွာ အလက ခွဲ၌ ဇူလိုင် ၁၉ ရက်နေ့က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းတွင်
တောင်ပေါ်ဒေသ လိုင်ကျေးရွာပါဝင်သည့်အတွက် လာရောက်ရခြင်းဖြစ်ပြီး မွေးမြူရေး နှစ်ရှည် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင်ပတ်သက်၍ အရင်းပမပျောက်မတည်ငွေကျပ်သိန်း ၃၀၀ ထုတ်ပေး မည်ဖြစ်ပြီး ရရှိမည့်ငွေကို ကျေးရွာပြည်သူများအကျိုးရှိရှိ အသုံးချရန်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဦးစီးမှူးဦးယုနိုင်လင်းမှ မြို့နယ်အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁၀)ရွာ
ဆောင်ရွက်မည်ဖြစ်ကြောင်း ငွေချေးမည့်ကိစ္စနှင့်ပတ်သက်၍ ကျေးရွာကော်မတီ(၇)ဦးဖွဲ့စည်းပြီး ၄င်းတို့မှဆောင်ရွက်ရမည့်လုပ်ငန်းများ ကျသင့်မည့်အတိုးနှုန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေး နွေးပြောကြားခဲ့ပြီး ညနေပိုင်းတွင် တောင်ပေါ်ဒေသ ပဇီကျေးရွာ အမက၌
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံကျေးရွာပြည်သူများနှင့်ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
Tuesday, July 21, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment