Tuesday, July 21, 2015
5:01 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဆိပ်ဖြူ ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ နယ် ၊မြို့နယ်သစ်တောဦးစီဌာနမှ ၂၀၁၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်ကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ အချိန် ဆိပ်ဖြူမြို့ အနောက်ဘက် ဆိပ်ဖြူ-ဆော-ကန်ပက်လက် ကားလမ်း မိုင်တိုင်အမှတ်(၃)မိုင် (၃)ဖာလုံ နဘဲပင်ကုန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့  မြို့ နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုး နှင့်ဌာနဆိုင်ရာ အကြီးကဲများနှင့်ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ ၊လူမှုရေးအသင်း အဖွဲများ တက်ရောက်ခဲ့သည်။
အခမ်းနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဥာဏ်မျိုး၊မြိုနယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးထွန်းမြင့်ဝင်း ၊မြို့ နယ်စည်ပင် သာယာရေးအဖွဲ အမှုဆောင် အရာရှိ ဦးရှိန်မြင့်မောင်နှင့် မြို့ နယ်သစ်တောဦးစီးမှူး ဦးဝင်းမြင့်တို့ က ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲများ နှင့်ရပ်ကွက်နေပြည်သူများသို့ စိုက်ပျိုးမည့်သစ်ပင်များပေး အပ်သည်။ ၄င်းနောက် မြို့ နယ်အုပ်ချုပ်ရေးမှူးသည် သစ်ပင်များပျော်ရွှင်စွာ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ သည်။မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း(၅၀)ပင်၊ကုက္ကို(၅၀)ပင် ၊ယူကလစ်(၁၅၀)ပင် ၊တမာ(၁၀၀)ပင်၊ ဖျောက်ဆိပ် (၅၀)ပင် စုစုပေါင်း သစ်ပင်(၄၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment