ကျောက်ထု ဇူလိုင် ၂၁
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက် တန်းကျောင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံ ကပ်ပိုစတာနှင့် ဓာတ်ပုံပြပွဲကို ဇူလိုင် ၂၀ ရက်နံနက်က ကျောက်ထုမြို့အခြေခံပညာ
အထက်တန်းကျောင်း၌ ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေတိုးက သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ပတ်သက်သည် တို့ကိုရှင်းလင်းဟောပြောသည်။ ထို့နောက်အဆိုပါဟောပြောပွဲသို့တက်ရောက်လာကြသူများ၊ ကျောင်းသား၊ကျောင်းသူများတို့သည်
ကျောက်ထုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ပြသသည့် သဘာဝဘေးအန္တရာယ် ကြို တင်ကာကွယ်ရေး နံရံကပ်ပိုစတာ၊ ဓာတ်ပုံများကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
Tuesday, July 21, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment