သရက် ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးးအကဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်၊ မြို့ နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်က ဆွေးနွေးပြောကြားရာမှာ ယခုရာသီတွင် ဖြစ်ပွါးစေတက်သည့် သွေးလွန် တုပ်ကွေး မဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်ရေးအနေဖြင့်ဖုံး၊သွင်၊လှဲ၊စစ် ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူပေါင်းဆောင်ရွက်ရန် လိုကြောင်းနှင့် ဇူလိုင်(၂၄)ရက် နံနက်(၈)နာရီတွင် မြို့ပေါ်ရှိ ၀ါဆိုသံဃာတော်များကို ဌာန ဆိုင်ရာများ ၊လူမှု့ရေး အသင်းအဖွဲ့များ ပူပေါင်း၍ ၀ါဆိုသင်္ကန်းစုပေါင်း ကပ်လှူပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြောကြား ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ် အဆင့် ဌာနဆိုင်ရာများမှ မိမိဌာနဆောင်ရွက်ထားရှိမှု့များ တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး မှ နီးဂုံးချုပ် အနေဖြင့် ဖြည့်စွက် လမ်းညွှန် အမှာစကားပြောကြား ပေးခဲ့ကြောင်း သိရသည်။
Tuesday, July 21, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment