Friday, July 10, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်၊ ကုန်းစင်း ကျေး ရွာနေသူ ဒေါ်ရွှေမိ (၅၆)နှစ်၏ နေအိမ်တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၂၅/၂၀၁၅) ဖြင့် ဒေါ်ရွှေမိ၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ်တွင် ဒေါ်ရွှေမိနှင့် မြိုင်မြို့နယ်၊ လက်ယက်မ ကျေးရွာနေသူ ဆန်းဦး (၃၆)နှစ် တို့အား နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ နှင့် လောင်းကြေး ငွေစက္ကူရောရာ ၇၇၄၅၀ိ/-တို့နှင့်အတူ ရှာဖွေတွေ့ရှိရပြီး သက်သေများရှေ့ အပ်ပေး သိမ်းဆည်း ရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ အိမ်ရှင် ဒေါ်ရွှေမိနှင့် ဆန်းဦးတို့အား မြိုင်မြို့နယ်၊ လင်းကတော နယ်မြေ ရဲစခန်း (ပ)၃၈/ ၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅ (က) အရ အမှုရေးဖါင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ညနေ (၃း၄၅)နာရီ အချိန်ခန့်တွင် သရက် ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အောင်လံမြို့၊ စက်ရုံရပ်ကွက် နေသူ ဇင်မင်းသန့် (၄၁)နှစ်၏ နေအိမ်တွင် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၇/၂၀၁၅)ဖြင့် ၀င်ရောက် ရှာဖွေရာ ဇင်မင်းသန့်နှင့် အတူ နေအိမ်အောက်ထပ်ရှိ စားပွဲပေါ်၌ နှစ်လုံးထီ လောင်း ကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်း များ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ ၄၁၇၅၀ိ/-အား ရှာဖွေသိမ်းဆည်းရမိ သဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ ဇင်မင်းသန့်အား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၃၁/၂၀၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့်ဆောင်ရွက်လျက်ရှိကြောင်း၊ 
 
အလားတူ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ညနေ (၃း၅၀)နာရီ အချိန်ခန့်တွင် မကွေးခရိုင်၊ ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ချောက်မြို့၊ ရွာဟောင်းရပ်ကွက်နေသူ ဦးရွှေသီး (၅၈)နှစ်၏ နေအိမ် တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်း ကစား ဖမ်းဝရမ်းအမှတ် (၉/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ ဦးရွှေသီး ထံမှ နှစ်လုံးထီသုံးလုံးထီ လောင်း ကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်း များနှင့် လောင်းကြေးငွေစက္ကူ ရောရာ ၅၈၀၀ိ/- တို့အား သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ သုံးလုံးထီ လောင်းကစား ပြုလုပ်သူ ဦးရွှေသီး အား ချောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၁/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)အရ အမှုရေး ဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video