Friday, July 10, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ညနေ(၆)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်သိပြည်သူ(၁)ဦးမှ ဖဲလောင်းကစား ၀ိုင်း ပြုလုပ်နေကြောင်း ဖုန်းဆက် အကြောင်းကြားချက်အရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၁/၂၀၁၅)ဖြင့် ထီးလင်းမြို့၊ အမှတ်(၂) ကန်တော်လေး ရပ်ကွက် နေသူ မသီတာထွေး (၃၁)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ၄င်း၏နေအိမ်တွင် တစ်ရပ်ကွက် တည်းနေ မအေး (၅၂)နှစ် ၊ မအိခိုင်(၁၈)နှစ်၊ မ၀င်းမေ (၄၂)နှစ်၊ မဘုတ်(၅၅)နှစ် တို့နှင့်အတူ ဖဲရိုက် လောင်းကစားပြုလုပ်နေသည်ကို တွေ့ရပြီး ဖဲရိုက်လောင်း ကစားရာတွင် အသုံးပြုသည့် Langhua တံဆိပ်ပါ ဖဲချပ်(၁၀၈)ချပ်၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ ၂၃၀၀၀ိ/- တို့အား ရှာဖွေသိမ်းဆည်း ရမိသဖြင့် တရားမ၀င် ဖဲရိုက် လောင်းကစား ပြုလုပ်သူ မသီတာထွေး ပါ(၅)ဦးအား ထီးလင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၀/၂၀၁၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video