သရက် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် ၂၀၁၅ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခြင်းအခမ်းအနား ကို ယနေ့ နံနက် (၀၈၀၀)နာရီ က ထုံးတောင်အုပ်စု မီးသွေးဖုတ်တောင်ရွာ တောင်တောရ ကုသိနာရုံ ဘုရားကျောင်း အနီးတွင် ကျင်းပရာ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊၀န်ထမ်းများ၊လူမှု့ရေး အသင်းအဖွဲ့ ၀င်များ တက်ရောက်ကြသည်။
အဆိုပါ အခမ်းအနားတွင် ရှေ့ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်မှ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီး အကဲများသို့ သစ်ပင်များ ပေးအပ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်မှ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများသို့ သစ်ပင်များ ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးမှူးမှ လူမှု့ရေးအသင်းအဖွဲ့များအား သစ်ပင်များ ပေးအပ်ခဲ့ပြိး ခရိုင် အုပ်ချုပ်ရေးမှူး၊မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊၀န်ထမ်းများ၊ နှင့်အတူ ကျွန်း၊ယင်းမာ၊ယူကလစ်၊ခရေ သစ်ပင်(၃၅၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
Friday, July 10, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment