၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ညနေ (၆း၀၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ် ကျေးရွာအနီး ဆိပ်ဖြူ-ပေါက် ကားလမ်း မိုင်တိုင်အမှတ် ၁၁/၇ နှင့် ၁၂/၀ အကြား တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဆိပ်ဖြူမြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင် များသည် သက်သေ များနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ၄င်းလမ်း အတိုင်း ဆိပ်ဖြူမြို့ဘက်မှ ရွာသစ်ကြီးကျေးရွာဘက်သို့ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်နေသူ ယာဉ်မောင်း ဖုန်းမြင့်ရွှေ (၄၂)နှစ် မောင်းနှင်သော YGN-8A/xxxx TOYOTA ဟိုင်းလတ်စိမ်းပုတ် ရောင်ယာဉ် မှ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ယာဉ်ကြောရှိ ရွာသစ်ကြီး ကျေးရွာဘက်မှ ဆိပ်ဖြူမြို့ဘက်သို့ ရွာသစ်ကြီးကျေးရွာနေသူ လင်းလင်းအောင် (၂၇)နှစ် မောင်းနှင်ပြီး နောက်မှ ဇနီးဖြစ်သူ မသီတာလွင် (၂၆)နှစ်၊ တူဖြစ်သူ မောင်ချစ်ကိုကိုမောင် (၆)နှစ်တို့ လိုက်ပါလာသည့် ANBO 125 CZI အနက်ရောင် ဆိုင်ကယ်အား ရှောင်တိမ်းစဉ် ယာဉ်၏ နောက်ပိုင်းဖြင့် တိုက်မိ၍ လင်းလင်းအောင်၊ မသီတာလွင်နှင့် မောင်ချစ်ကိုကိုဇော် တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်အရှိန်ပြင်းစွာ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဖုန်းမြင့်ဆွေ အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Friday, July 10, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment