Friday, July 10, 2015
11:00 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ ဇူလိုင် ၉
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ ၏ မိုးမှာလေ့ကျင့် ၊ဆောင်းမှာစစ်ဆေး သတိပေး နွေမှာ အသင့်ရှိရေး ဟူသော ဆောင်ပုဒ်နှင့် အညီ ပြည်သူများ၏ အသက် စည်းစိမ် ဥစ္စာ များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး ဆောင်ရွက်လျှက်ရှိရာ ဇူလိုင်လ ၉ရက်နေ့ နံနက် ၉နာရီ အချိန်တွင် နယ်စပ်ရေးရာ
ဝန်ကြီးဌာ ၊ပညာရေးနှင့်လေ့ကျင့်ရေးဦးဌာန ၊(ပခုက္ကူ) အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်တွင် မီးသတိမူရေး နှင့် မီဘေးအန္တရယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်ပပြုလုပ်ခဲ့သည်။
ဆိုပါအသိပညာပေးအခမ်းအနာတွင်အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်အုပ်ကြီး ဒေါ်ခင်မိုးမြင့်က အမှာစကား ပြောကြားပေးခဲ့သည်။ ၄င်နောက် ပခုက္ကူခရိုင်မီးသတ် တပ်ဖွဲ့ ဦးစီးအရာရှိဦးခင်မောင်သန်းက မီးဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာ ပေးခြင်း၊အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက
ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်း ရပ်များကို ပြောကြားရှင်းလင်းခဲ့ပြီး ခရိုင်မီးသတ်တပ်ဖွဲ့  ဦးစီးအရာရှိ နှင့် တပ်ဖွဲ့ ဝင်များက လက်တွေ မီးငြိမ်သတ် နည်းပညာရပ်များများကို သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့  ခရိုင်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိနှင့်တပ်ဖွဲ့ ဝင်များ ၊ပခုက္ကူအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းနည်းပြဆရာမများ၊အခြေခံ အိမ်တွင်းမှု အမှတ်စဉ် (၂၉) မှသင်တန်းသူ(၇၈)ဦး၊ အဆင့်မြင့်
စက်ချုပ် သင်တန်းအမှတ်စဉ် (၂၆)မှ သင်တန်းသူ (၃၉) ဦးတို့ တက်ရောက် ခဲ့ ကြောင်းသတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment