ဂန့်ဂေါ ဇူလိုင် ၂၃
ဂန့်ဂေါမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းလျှက်ရှိရာ ဂန့်ဂေါ- ပုလဲ- မုံရွာ ကားလမ်း မိုင်တိုင် အမှတ် ၁၀၁/၃ အနီး မဲချောင်းပေါ်ရှိ မဲရွာအဝင် အကျယ် ၁၂ ပေ၊ အရှည် ၈၀ ပေရှိ တံတားအမှတ် ၁/၁၀၂ ဘေလီတံတားသည် မဲချောင်းရေကျဆင်းလာသဖြင့် ဇူလိုင် ၂၃ ရက်တွင် မူလအနေအထားမှ ၁ ပေ ၅ လက္မ ခန့် နိမ့်ဆင်းသွားသည်။
ထိုသို့တံတားနိမ့်ဆင်းသွားသဖြင့် ယာဉ်ငယ်များ၊ ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင်သော်လည်း ယာဉ်ကြီးများဖြတ်သန်းသွားလာနိုင်ခြင်းမရှိသဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများသည် စက်ယန္တရား များအသုံးပြုကာ လမ်းလွှဲဖောက်လုပ်ပေးလျှက်ရှိကြောင်း သိရသည်။
Thursday, July 23, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment