Thursday, July 23, 2015


ချောက်        ဇူလိုင်    ၂၃    ရက်

    မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် ရွှေပါရမီ ကျန်းမာရေးအလှူ မေတ္တာဆေးခန်းသို့ အစ္စလာမ် ဘာသာဝင်မိသားစုများစုပေါင်း၍ အလှူငွေ ကျပ် (၇)သိန်း ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ် (၁၃း၃၀)အချိန်က ရွှေပါရမီဆေးခန်းတွင် ပေးအပ်လှူဒါန်းမှုများပြုလုပ်ခဲ့သည်။
 ချောက်မြို့နယ် အစ္စလာမ်ဘာသာဝင် ဦးတင်မောင်လေး နှင့်အဖွဲ့ဝင်များက အလှူငွေကျပ် (၇)သိန်းအား ပေးအပ်လှူဒါန်းရာ ရွှေပါရမီ ကျန်းမာရေးမေတ္တာဆေးခန်း ရုံးတာဝန်ခံ ဦးတင်ဦး မှလက်ခံရယူခဲ့သည်။ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။အစ္စလာမ်ဘာသာဝင်များမှ ယခင်ကလည်း အသေးစားခွဲစိတ်ကုတင် (၁၅)သိန်းခန့် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
အဆိုပါ မေတ္တာဆေးခန်းကို (၁)ပတ်လျှင် (၂)ရက် ဖွင့်လှစ်ပေးရာ တစ်နေ့လျှင် လူနာဦးရေ (၁၅၀)ဦးခန့်ရှိပြီး တစ်လလျှင် (၈၀၀)ဦးခန့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျှက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video