၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ (၃း၁၅)အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်နေသူ သိန်းနိုင်စိုး (၂၆)နှစ်၏ နေအိမ်အနောက်ဘက် (၅x၈)ပေ တစ်ဖက်ရပ် မီးဖိုဆောင်အတွင်းရှိ မီးဖိုကြွင်းမီးကျန်မှ တစ်ဆင့် မီးဖိုဆောင်ထရံအား မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် ရပ်ကွက်နေသူ ပြည်သူ(၃၀)ဦးခန့်မှ ၀ိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ (၃း၁၇)အချိန် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး-၂၀၀၀ိ/-ခန့် မီးလောင်ဆုံးရှုံးခဲ့၍ မီးပေါ့ဆစွာသုံးစွဲသူ သိန်းနိုင်စိုးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၃၀၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment