Friday, July 24, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်(၁၁) နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ သည် သက်သေ များနှင့်အတူ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်အတွင်း ခိုး၊ ဆိုး၊ နှိုက်သတင်း စုံစမ်းနေစဉ် ချမ်းမြေ့ သာယာရပ်ကွက်နေသူ နေဖြိုးအောင်(ခ) ဖြိုးအောင် (၂၅)နှစ်သည် ဆိုင်ကယ်(၁)စီးအား လိုက်လံရောင်း ချနေကြောင်း သတင်းအရ ၄င်းအား ဦးခင်ထွန်းလ္ဘက်ရည်ဆိုင် ရှေ့ လမ်းပေါ်တွင် တွေ့ရှိစစ်မေးရာ ၄င်းထံမှ နံပါတ်မပါ LANJIN-125 ရုပ်ဆိုးအနက်ရောင် ဆိုင်ကယ် (၁)စီး (တန်ဘိုး-၂၅၀၀၀၀ိ/-ခန့်) အား တွေ့ရှိရပြီး ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင် ကြောင်း ခိုင်လုံသောအထောက်အထား တစ်စုံတစ်ရာပြောဆိုနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် နေဖြိုးအောင်(ခ) ဖြိုးအောင် အား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၆၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။ 
အလားတူ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၁း၄၅)အချိန်ခန့်တွင် မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် သိန်းနိုင်ဝင်းနှင့် မကွေးမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်မိုး ဦးစီးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက်အတွင်း ခိုး၊ ဆိုး၊ နှိုက်သတင်း စုံစမ်းနေစဉ် ချမ်းမြေ့သာယာ ရပ်ကွက်နေသူ မြင့်သူ (၂၄)နှစ်သည် ဆိုင်ကယ် (၁)စီးအား လိုက်လံရောင်းချ နေကြောင်း သတင်းအရ မြင့်သူအား ၄င်းနေအိမ်ရှေ့ လမ်းပေါ်တွင် တွေ့ရှိ စစ်မေးရာ ၄င်းထံမှ နံပါတ်မပါ SHANYAN -110 အစိမ်းရောင်ဆိုင်ကယ်(၁)စီး (တန်ဘိုး-၂၀၀၀၀၀ိ/- ခန့်)အား တွေ့ရှိရသဖြင့် ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် မြင့်သူအား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ) ၂၆၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video