Friday, July 24, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၁း၄၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ သည် သက်သေ များနှင့်အတူ မကွေးမြို့၊ ချမ်းမြေ့သာယာ ရပ်ကွက် အတွင်း ခိုး၊ ဆိုး၊ နှိုက်သတင်း စုံစမ်းနေစဉ် ချမ်းမြေ့ သာယာရပ်ကွက်နေသူ ဇော်မျိုးထက်(ခ)ငမျိုး (၂၂)နှစ်သည် ဟမ်းဆက်များ အား လိုက်လံ ရောင်း ချနေကြောင်း သတင်းအရ ဇော်မျိုးထက်(ခ)ငမျိုးအား ဦးခင်ထွန်း လ္ဘက်ရည်ဆိုင်ရှေ့ လမ်းပေါ်တွင် တွေ့ရှိ စစ်မေးရာ ၄င်းထံမှ HUAWEI G510\0200 အနက်ရောင် ဟန်းဆက်(၁)လုံး (တန်ဘိုး-၅၀၀၀၀ိ/-ခန့်) အား တွေ့ရှိရပြီး ဟန်းဆက်နှင့်ပတ်သက်၍ ၄င်းပိုင်ဆိုင် ကြောင်း ခိုင်လုံသော အထောက်အထား တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိသဖြင့် တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် ဇော်မျိုးထက် (ခ)ငမျိုးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၆၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video