Thursday, July 23, 2015
4:02 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မင်းဘူး ဇူလိုင် ၂၃
ပညာရေးဝန်ကြီးဌာန၊အခြေံပညာဦးစီးဌာန၊ပြည်ထောင်စုဘတ်ဂျက်၊တိုင်းဒေသကြီးအစိုးရအစီအစဉ် ဖြင့်၊
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အသစ်တည်ဆောက်မှုအား ချပြရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်လ(၂၃)ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဝေမှ အခြေခံပညာ ကျောင်းများအား အသစ်တည်ဆောက်ခွင့်ရရှိသော ကုမ္ပဏီများနှင့် မိတ်ဆက်ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ အခြေခံပညာကျောင်းများဆောက်လုပ်ခွင့်ရရှိသော ကုမ္ပဏီများမှ သက်ဆိုင်ရာ ကုမ္ပဏီအလိုက် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မင်းဘူးမြို့နယ် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေကျပ်သန်း(၂၀၀)ဖြင့်ဆောက်ရွက်မည်လုပ်ငန်းများနှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက် အကူပြုလုပ်ငန်းများအတွက် ခွင့်ပြုငွေ ကျပ်သန်း(၁၀၀)ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ အင်ဂျင်နီယာ ဦးကျော်ခိုင်ထွန်းမှ အသေးစိတ်ရှင်းလင်းတင်ပြပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ပုဂ္ဂိုလ်များမှ မေးမြန်းမှုများကို သက်ဆိုင်ရာတာဝန် ရှိသူများမှ ပြန်လည်းရှင်းလင်းဖြေကြားခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး များ၊မြို့နယ်/ရပ်ကွက်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များ၊ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊မြို့မိ/ မြို့ဖများ၊သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မင်းဘူးမြို့နယ်အတွင်း အခြေခံ ပညာကျောင်း ပေါင်း(၄၉)ကျောင်းအား ပြည်ထောင်စုဘတ်ဂျက်၊တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့်
ကျပ်သန်းပေါင်း (၁၄၁၄ ဒဿမ ၈ )သန်းအကုန်ကျခံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment