Thursday, July 23, 2015


မကွေး    ဇူလိုင်    ၂၃
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်အမှတ်ပေးပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသားဘော်လီဘောပြိုင်ပွဲများကို ယနေ့ စတင်ကျင်းပရာ ပခုက္ကူခရိုင်အသင်းနှင့် ဂန့်ဂေါခရိုင်အသင်းတို့မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၅ပွဲ ၃ပွဲဖြင့် ပခုက္ကူအသင်းမှ အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်ပြီး ဇူလိုင်လ(၂၃)ရက်နေ့တွင် သရက်ခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ကလည်းကောင်း၊ မကွေးခရိုင်အသင်းနှင့် ဂန့်ဂေါခရိုင်အသင်းတို့ကလည်းကောင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
    အဆိုပါ ၀န်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသားဘော်လီဘောပြိုင်ပွဲများကို မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၅)ခရိုင်မှအသင်းများပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ၂၃.၇.၂၀၁၅ရက်နေ့မှ ၂၇.၇.၂၀၁၅ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video