Tuesday, July 14, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ(၃း၁၅) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေစကြို မြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်နေ ကိုသောင်းဌေး (၄၇)နှစ်၏ နေအိမ်အလှပြင်ဆိုင်တွင် ကွန်ပျူတာ လက်တော့ပ်ဖြင့် လောင်းကစား ပြု လုပ်နေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လောင်း ကစား ဖမ်းဝရမ်းအမှတ် (၈/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ ကွန်ပျူတာလက်တော့ပ်အတွင်း လောင်းကစားပြုလုပ်သည့် အချက် အလက်များ ရှာဖွေတွေ့ရှိမှုမရှိဘဲ ၄င်းနေအိမ်ဆိုင်ခန်း အတွင်းမှ နှစ်လုံးထီ သုံးလုံးထီ လောင်းကစား ရာတွင် အသုံးပြုသော စာရွက်စာတမ်းများ နှင့် Wellcon စာတမ်းပါ နှစ်ကဒ်ထိုး လက်ကိုင်ဖုန်း(၁) လုံး၊ တစ်ထောင် ကျပ်တန် ငွေစက္ကူ(၁)ရွက်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားပြုလုပ်သူ သောင်းဌေးအား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၂၃/၂၀၁၅၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video