Tuesday, July 14, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် (၁၀)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တရားမ၀င် လောင်စာဆီ များ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ပေါက်မြို့နယ်၊ ဘုရား တောင် ကျေး ရွာနေသူ ဦးမောင်တင့် (၆၃)နှစ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဒီဇယ်(၄၀)ဂါလံပါ ပေပါ(၁)လုံး (တန်ဘိုး ၁၂၈၀၀၀ိ/-)၊ ဓါတ်ဆီ(၂၀)ဂါလံပါ ပေပါ(၁)လုံး (တန်ဘိုး ၆၆၀၀၀ိ/-)၊ ဓါတ်ဆီ (၂၅)ဂါလံပါ ပေပါ (၁)လုံး(တန်ဘိုး ၈၂၅၀၀ိ/-)၊ စုစုပေါင်းတန်ဘိုး(၂၇၆၅၀၀ိ/-)နှင့် ဆက်စပ်ပစ္စည်း များအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် လောင်စာဆီများ လက်ဝယ်ထားရှိသူ ဦးမောင်တင့် အား ပေါက်မြို့ နယ်၊ ရေပြာနယ်မြေ ရဲစခန်း (ပ)၈၉/၂၀၁၅၊ အရေးကြီးကုန်စည် နှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video