၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ(၄)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၃၅၆/၄ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးရာ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း ရေနံချောင်းမြို့မှ ယင်းမချောင်း သဘာဝဓါတ်ငွေ့ ထပ်ဆင့် တွန်းစက်ရုံသို့ ရေနံချောင်းမြို့နယ်၊ ယင်းမချောင်း သဘာဝ ဓါတ်ငွေ့ ထပ်ဆင့်တွန်းစက်ရုံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင် ရန် ရောက်ရှိနေသူ တရုတ်နိုင်ငံသား Mr Zhuang Deyan (ဖ) Mr Zhuang Zhixuc ၊ပတ်စပို့ အမှတ် E11453395 ၊ ဗီဇာအမှတ် B763220 မောင်းနှင် လာသည့် YGN 6I/9858 Alphard အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြော သို့ ရောက်ရှိပြီး ၄င်းလမ်းအတိုင်း မကွေးမြို့ဘက်မှ ရေနံချောင်းမြို့သို့ ရေနံချောင်းမြို့၊ ဇီးပင်ကန်ရပ် ကွက်နေသူ ဟိန်းမင်းလတ် (၂၂)နှစ် မောင်းနှင်လာသည့် ဒါရမ်း ၁၂၅ အနက်ရောင် ဆိုင်ကယ်အား ၀င်ရောက် တိုက်မိသဖြင့် ဟိန်းမင်းလတ်တွင် ဒဏ်ရာများရရှိသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ Mr Zhuang Deyan အား ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်း ယာဉ်(ပ) ၁၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Tuesday, July 14, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment