၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ မုန်းဒါးကျေးရွာအုပ်စု၊ ရေပုတ်တဲတိုက်နေသူ ဆယ်အိမ်စုမှူး ဦးမိုးဝင်း (၃၀)နှစ် သည် နေအိမ်တဲတွင် ရှိနေစဉ် ရေပုတ်တဲတိုက်နေသူ ဒေါ်ထားထား ရောက်ရှိလာပြီး ၄င်း၏သားဖြစ်သူ ဇင်မျိုးဝေ (၂၁)နှစ်အား ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ကျော်ဇင်ဦး (၂၁)နှစ် မှ တုတ်ဖြင့်ရိုက်ကြောင်း ပြော သဖြင့် သွားရောက်ခဲ့ရာ ကျော်ဇင်ဦးနှင့် ဇင်မျိုးဝေတို့မှာ အရက်အတူ သောက်စား မူးယစ်ပြီး ယခင်က ရည်းစားလုခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မကျေနပ်ဖြစ်ကာ သဖန်းညို တဲတိုက်အနီးတွင် စကားများရန်ဖြစ် ပြီး ကျော်ဇင်ဦးမှ ဇင်မျိုးဝေအား တစ်တောင့်ထွာခန့်ရှိ သစ်ကိုင်းတုတ်ဖြင့် ရိုက်သဖြင့် ဇင်မျိုးဝေတွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ (၁)ချက်၊ ၀ဲ/ယာနား သွေးထွက်ဒဏ်ရာ များ ရရှိသေဆုံးသွား ၍ ကျော်ဇင်ဦး အား အရေးယူပေးပါရန် ၁၃.၇.၂၀၁၅ ရက်နေ့တွင် ဦးမိုးဝင်းမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် ကံမမြို့နယ်၊ မြို့မရဲစခန်း(ပ) ၅၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
Tuesday, July 14, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment