၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ ည (၉း၄၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ သံဘိုကြီးကျေးရွာနေသူ ဒေါ်အေးမြင့် (၅၂)နှစ်သည် နေအိမ် အောက် ထပ်တွင် သမီးဖြစ်သူ မဌေးမြင့်စန်း (၂၂)နှစ်၊ သားမက်ဖြစ်သူ ကျော်သက်(ခ) ကျော်ကြီး (၂၃)နှစ် တို့နှင့် အတူရှိနေစဉ် ယခင်နေ့ က ကြက်မတစ်ကောင် သေဆုံးသည့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အေးမြင့် ၏ဖခင် ဦးလှလေးအုန်း မှ လောက်လေးခွနှင့် ပစ်သည်ဟု ကျော်သက်(ခ) ကျော်ကြီးမှ အရက်မူးပြီး ပြောဆိုနေသဖြင့် မျက်စောင်း ထိုးရှိ နေအိမ်တွင် နေထိုင်သူ ညီမအရင်းဖြစ်သူ မခင်စောမူ (ခ)မသင်းသင်းခိုင် (၃၀)နှစ် မှ ကြား၍ နေ အိမ်အောက်သို့ ရောက်ရှိလာပြီး ကျော်သက် (ခ)ကျော်ကြီးအား ““မူးနေရင် မူးသလိုနေ””ဟု ပြောဆိုသည် ကို ကျော်သက်(ခ) ကျော်ကြီးမှ မကျေနပ်ဖြစ်ကာ နေအိမ်ခေါင်းရင်းအဖီတွင် ထိုးထားသော အရိုး(၄) လက်မ၊ အသွား(၈)လက်မ၊ ဗျက် (၁)လက်မခန့်ရှိ ၀ါးရိုးတပ် ဓါးဦးချွန် ဓါးမြှောင်ဖြင့် မခင်စောမူ(ခ) သင်းသင်းခိုင်အား ထိုးရာ ၀ဲရင်အုံအောက် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ (၂)ချက် ရရှိ သေဆုံး သွားသဖြင့် ကျော်သက်(ခ)ကျော်ကြီး အား အရေးယူပေးရန် ၁၃.၇.၂၀၁၅ ရက်နေ့ တွင် ဒေါ်အေးမြင့် မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့နယ်၊ ညောင်ကန်နယ် မြေရဲစခန်း (ပ) ၂၀/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Tuesday, July 14, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment