၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် (၁၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရေနံမှော်များအတွင်း ချဲထီလောင်း ကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဧကရာဇ်ရေနံမှော် အတွင်း သတင်း စုံစမ်း စောင့်ဆိုင်းနေစဉ် မင်းလှမြို့နယ်၊ မြောက်မြှားကုန်းကျေးရွာနေသူ ကြည်လွင် (၃၂)နှစ် မောင်းနှင် လာသော ၃၇ယ/xxxxx၊ ဒါရမ်း ၁၂၅ နက်နီရောင် ဆိုင်ကယ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသော အနက်ခံ ၀ါ/နီကြားအစင်းပါ လွယ်အိတ် အတွင်းမှ သုံးလုံးချဲထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် လောင်းကြေးငွေစက္ကူ ရောရာ ၇၂၀၀ိ/- အား ရှာဖွေတွေ့ရှိ သိမ်း ဆည်းရမိသဖြင့် တရားမ၀င် သုံးလုံးချဲထီ လောင်းကစား ပြုလုပ်သူ ကြည်လွင်အား မင်းလှမြို့ နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ)၉၃/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Sunday, July 12, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment