Saturday, July 11, 2015
5:48 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဇူလိုင် ၁၁
ဆင်ပေါင်ဝဲမြို့နယ် ဥပဒေရုံးသစ် ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀)နာရီက အဆိုပါ ဥပဒေရုံး၌ ကျင်းပရာ ရှေ့ဦးစွာ မကွေးတိုင်း ဒေသကြီး ဥပဒေချုပ် ဦးဇေယျာ| ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန် ကြားရေးမှူးချုပ် ဦးကျော်ဆန်း |မကွေး တိုင်း ဒေသကြီး ဥပဒေအရာ ရှိ ဦးကျော် ကျော်အောင|် တို့က အဆိုပါ ရုံးသစ်အား ဖဲကြိုး ဖြတ်ဖွင့် လှစ်ခြင်းနှင့် အမွှေးနံ့သာ ရည်ပက်ဖြန်းခြင်း တို့ ဆောင် ရွက်ကြသည်။
ဆက်လက်၍ မြို့နယ်ဥပဒေ ရုံး ဝယ်ယူခြင်းနှင့်ပတ်သက်၍ မကွေးတိုင်းဒေ သကြီး ဥပဒေအရာရှိ ဦးကျော်ကျော်အောင်က ရှင်းလင်းပြောကြားပြီး သရက်ခရိုင်ဥပဒေ အရာရှိ ဦးလှမြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြို့နယ်ဥပဒေရုံး ဖွင့်ပွဲ အထိမ်းအမှတ် အလံများအား မြို့နယ်ဥပဒေအရာရှိ ဒေါ်ပြုံးသီရိဝေက ပေးအပ်ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း |မကွေး တိုင်း ဒေသ ကြီးဥပဒေချုပ် ဦးဇေယျာ | သရက်ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်|ှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင် တို့က အသီးသီး လက်ခံ ရယူကြကြောင်း သတင်း ရရှိပါသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment