Thursday, July 16, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ (၂း၁၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကံကြီးကုန်းကျေးရွာ ရွာလယ်ရှိ ဦးအေးလွင်၏ ထန်းရည်ဆိုင်တွင် ကံကြီးကုန်း ကျေးရွာနေသူ သောင်းလှိုင် (၂၄)နှစ်နှင့် တစ်ရွာတည်းနေ ဖိုးဇော် (၂၂)နှစ်တို့ နှစ်ဦး သည် ထန်းရည်အတူသောက်ပြီး မူးလာချိန်တွင် တစ်ဦးနှင့်တစ်ဦး စကားနိုင်လုရာမှ စကားများ ရန်ဖြစ်ပြီး ဖိုးဇော်မှ အသင့်ပါလာသော အရိုးအသွား (၉)လက်မခန့်ရှိ ဓါးဦးချွန်နှင့်ထိုးရာ သောင်းလှိုင် တွင် ၀ဲညှပ်ရိုး အနီး ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်မောင်း ပြတ်ရှဒဏ်ရာ၊ ၀ဲပါး(၃)လက်မခန့် ပြတ်ရှဒဏ်ရာများ ရရှိပြီး ထန်းရည်ဆိုင်မှထွက်၍ လမ်းပေါ်သို့ ရောက်ရှိစဉ် လဲကျသေဆုံး သွားသဖြင့် ဖိုးဇော်အား နတ်မောက်မြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်း (ပ)၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပေဒပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video