Thursday, July 16, 2015


နတ်​​မောက်​          ဇူလိုင်​၁၅
နတ်​​မောက်​မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနအစည်းအ​ဝေးခန်းမတွင်​ဇူလိုင်​၁၅ရက်​နံနက်​၁၀နာရီကမြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊မြို့နယ်​ဌာနဆိုင်​ရာများ၊ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးများနှင့်​စာ​ရေးဝန်​ထမ်းများ၏အပတ်​စဉ်​လုပ်​ငန်းညှိနိုင်းအစည်းအ​ဝေးကျင်းပသည်​။
အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးမှဌာနရဲ့လုပ်​ငန်းတာဝန်​များအမြဲလည်​ပတ်​နိုင်​ရန်​၊​ရွေး​ကောက်​ပွဲတွင်​​ဆောင်​ရွက်​နိုင်​သည့်​လုပ်​ငန်းများကိုဌာနဆိုင်​ရာနှင့်​ရပ်​ကွက်​\​ကျေးရွာအုပ်​ချုပ်​​ရေးမှူးများ၊တာဝန်​ရှိသူများ​ဆောင်​ရွက်​ကြရန်​နှင့်​သက်​ဆိုင်​ရာ​ကော်​မရှင်​များ၏​ရွေး​ကောက်​ပွဲကိုယခု​ရွေး​ကောက်​ပွဲအပါအ၀င်​(၆)ကြိမ်​ရှိ​ကြောင်းတို့ကိုအကျယ်​တ၀န်းရှင်းလင်းခဲ့သည်​။ဆက်​လက်​၍မြို့နယ်​မီးသတ်​တပ်​ဖွဲ့ဦးစီးဌာနဦးစီးမှူးမှရပ်​ကွက်​\​ကျေးရွာများရှိအရန်​မီးသတ်​တပ်​ဖွဲ့ဝင်​လူဦး​ရေစာရင်းနှင့်​ဝတ်​စုံများထုတ်​ယူရန်​​ပြောကြားခြင်း၊မြို့နယ်​စက်​မှုလယ်​ယာမှ​တောင်​သူပိုင်​လယ်​ယာသုံးစက်​ကရိယာများစာရင်းပြုစု​ပေးရန်​နှင့်​မြို့နယ်​​မွေးမြူ​ရေးနှင့်​ကုသ​ရေးဦးစီးဌာနမှ​ကျေးရွာရှိကျွဲ၊နွားများ၏​ရောဂါဖြစ်​လျှင်​​မွေး\မြူ​ရေးဌာနတိုအချိန်​မှီဖုန်းဆက်​ရန်​နှင့်​ယခုအခါမိုးရာသီဖြစ်​၍ကျွဲ၊နွားများတွင်​စားသုံးသည့်​သစ်​ရွက်​များ၏​အောက်​ကပ်​​နေသည့်​နံ​ကောင်​ဥပါ​သောအရွက်​များစားမိလျှင်​တိုင်းရင်း​ဆေးဖြစ်​သည့်​နှမ်းဆီ၊သံပုရာရည်​တို့ကိုတိုက်​​ကျွေး​ပေးရန်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူးများအား ရှင်းလင်း​ပြောကြားခဲ့​ကြောင်းသိရသည်​။               

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video