Thursday, July 16, 2015


 ဆိပ်ဖြူ ဇူလိုင် ၁၄
   မကွေးတိုင်ဒေသကြီး၊ဆိပ်ဖြူမြို့နယ်တွင် မိခင်နှင့်(၅)နှစ်အောက် ကလေးသေးဆုံးမှုကျဆင်းရေးအတွက် အင်အားဖြည့်အရှိန်မဟုန်မြှင့်ဆောင်ရွက်ရန် မြို့နယ်အဆင့်စီမံချက်ရေးဆွဲခြင်း အခမ်းနားကို ဇူလိုင်လ ၁၄ ရက်နေ့နံနက်(၉)နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာငွေသဲဖြူ ခန်းမတွင် ကျင်ပပြုလုပ်ခဲ့သည်။
  အဆိုပါ အခမ်းနားသို့ ကျန်မာရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာ ၀င်းမြင့်၊ပြည်သူ့ ကျန်းမာရေးဦးစီဌာန (ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာယဉ်သန္တာလွင်နှင့် ညွှန်ကြားရေးမှူးများ၊ဒုတိယညွှန်ကြားရေးမှူးများ၊UNFPA မှAssitamt Representative ဒေါက်တာ လှလှအေး၊MARE STOPESINTERNATIONAL(Myanmar)ဆိပ်ဖြူမြို့နယ်ရုံး တာဝန်ခံ ဒေါက်တာကြည်သာမင်းနှင့်ရုံးဝန်ထမ်းများ ၊ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦကိုကိုလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာဆိုင်ရာများ၊မြို့ နယ်ပြည့်သူကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ကျော်နှင့်
အခြေခံကျန်းမာရေးဝန် ထမ်းများ ၊မြိုနယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်ကူပြု အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ ဝင်များ ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများ၊လူမှုရေးအသင်းအဖွဲ့ များတက်ရောက်ခဲ့သည်။
    အခမ်းနားတွင် ပြည်ထောင်စု ဒုတိယ၀န်ကြီးက ဆိပ်ဖြူမြို့ သို့ လာရောက်ရခြင်း အကြောင်းအရင်းနှင့် မိခင်နှင့် (၅)နှစ်အောက်ကလေးများသေးဆုံးမှု လျော့ကျရေးအရှိန်အဟုန်မြှင့်လုပ်ငန်း စတင်ခြင်းဆောင်ရွက်ရန် အတွက်အဏုစိတ်စီမံချက်ရေးဆွဲမည့် အစအစဉ်များ၊ ကျန်းမာရေးဝန်ထမ်းများ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊INGO များ လူမှုရေးအသင်းအဖွဲ့  ရပ်မိရပ်ဖများမှ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုအသေးစိတ်ရှင်းလင်း မိတ်ဆက် အမှာစကားပြောကြားခဲ့သည် ၄င်းနောက်ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူးဦးကိုကိုလွင်က ခရိုင်နှင့်မြို့ နယ်၏ အခြေခံအချက်လက်များပူပေါင်း ပါဝင်ဆောင်ရွက်သွားမည့်လုပ်ငန်စဉ်များကိုတင်ပြခဲ့သည်။ထို့ နောက်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး က ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိသူများအား အထူပင်ကျေးဇူးတင်ရှိပါကြောင်းကျေးဇူးတင် စကားပြောကြားခဲ့ပြီး မြို့နယ်၏အချက်အလက်များ စီမံချက်လုပ်ငန်းများနှင့်ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကိုတင်ပြခဲ့သည်။ မြို့ နယ်ဖွံ့ ဖြိုးတိုးတက်ရေးအထောက်အကူပြု အဖွဲ့ ဥက္ကဌ ဦးကြည်မောင်မှ  မိခင်နှင့် (၅)နှစ်အောက်ကလေးများ သေဆုံးမှုလျော့ ကျရေးတွက် အောက်ခြေအဆင့်တွင်  ပူပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မြို့ နယ်အတွင်းတိုးချဲဖွင့်လှစ်ရန် လိုအပ်သော တိုက်နယ်ဆေးရုံ ၊ကျေးလက် ကျန်းမာရေးဌာန နှင့်ဌာနခွဲများ အဆိုပြုလျာထားဆွေးနွေးခဲ့သည်။
   ပြည်ထောင်စု ဒုတိယ ၀န်ကြီးနှင့် အဖွဲ့ သည် နံနက်(၁၀)နာရီခွဲ အချိန် တွင်မြို့ နယ်ကျန်းမာရေးဦးစီးဌာန အစည်ဝေး ခန်းမတွင် မိခင်နှင့်(၅)နှစ်အောက်ကလေးသေဆုံးမှုလျော့ကျရေး မြို့ နယ်အဆင့် အဏုစိတ်စီမံချက် ရေးဆွဲရေး အစီစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့ ရာဆိပ်ဖြူမြို့ နယ်
 ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကျော်ကျော်က မြို့ နယ်အခြေခံအချက်လက်များ၊ မိခင်နှင့်(၅)နှစ်အောက်ကလေးသေဆုံးမှု အခြေအနေ ၊  ကျန်မာရေးစောင့်ရှောက်ရေး
လုပ်ငန်းများ ဆောင်ရွက်ထာရှိမှု  ၊ မြို့ နယ်၏အားသာချက် အားနည်ချက်များကိုတင်ပြခဲ့သည်။ ထို့ နောက်တက်ရောက်လာသူများက မိခင်သေဆုံးရခြင်းအကြောင်းရင်း၊ (၅)နှစ်အောက်ကလေး သေဆုံးရခြင်းအကြောင်ရင်း ဖော်ထုတ်ပြီး ပြသနာ အကြောင်းအရင်း၊ ဦးစားပေါ်ပြသနာ များဖော်ထုတ်ခြင်း(Problem Identification and Prioritization )တို့ ကို အုပ်စု(၆) ဖွဲ့ ပြီး (Group work and Presentation) ဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါဆွေးနွေးတင်ပြချက်များမှ ရရှိလာသော သေဆုံးမှု ပြသနာများအပေါ်မူတည် ပြီး ၁၅.၇.၂၀၁၅ရက်နေ့ တွင်  မိခင်နှင့်(၅)နှစ်အောက် ကလေးသေဆုံးမှု  လျော့ကျရေး မြို့ နယ်အဆင့် အဏုစိတ် စီမံချက် ရေးဆွဆြောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရ သည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video