သရက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်း အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက ကျင်းပရာ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ရပ်ကျေးစာရေး ၀န်ထမ်းများ စုစုပေါင်း(၁၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရှေ့ဦးစွာ ကုန်သွယ်မှု့ မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီး ဌာန သရက်မြို့နယ် တာဝန်ခံ ဦးသန်းစိန်မှ စားသုံးသူတို့၏ အခွင့်အရေးနှင့် တာဝန်များ ၊စားသုံးသူ အငြင်းပွားမှု့ ဖြေရှင်း ရေးအဖွဲ့၏လုပ်ငန်းတာဝန်များအကြောင်း ဆွေးနွေးပေးခဲ့ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မျိုးညွန့်မှ အစားအသောက်များတွင် ဆိုးဆေးပါ ၀င်မှု့များကြောင့်
ရောဂါရရှိ နိုင်သကဲ့သို့ ထုတ်ပိုးပစ္စည်းများလည်း ခဲဆိပ်သင့်၍ ရောဂါရတက်ကြောင်း အသိပညာပေးဆွေးနွေးပေးခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာသန်းဌေးမှ အသား၊ ငါးများတွင် ရေထိုးခြင်း၊ဓါတု ဆေးဝါး သုံးထားခြင်း တို့ကြောင့် စာသုံးသူများ အန္တရာယ် ရှိနိုင်၍ ရှောင်ရန် / ဆောင်ရန် အချက်များအား ဆွေးနွေးပေးခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် မန်နေဂျာ ဦးတင်နိုင်ဦးမှ အသီးအရွက်များတွင် ပိုးသတ်ဆေး၊ဓါတ်မြေသြဇာများသုံးစွဲခြင်းကြောင့်သုံးစွဲသူများ ဆောင်ရန်/ ရှောင်ရန် အချက်များ သိရှိနားလည်အောင် ဆွေးနွေး ပေးခဲ့သည်။ ယင်းနောက် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးသန်းဌေးမှ ငါးဖမ်းချိန်တို့တွင် ဆေးခတ်ဖမ်းဆီးခြင်းမပြုရန်နှင့် ငါးမျိုးပြုန်းတီးမှု့ မရှိစေရန် ပြည်သူများမှ ၀ိုင်းဝန်းကူညီဆောင်ရွက်စေလိုကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ် တာဝန်ခံ ဦးသန်းစိန်မှ စားသုံးသူ အကာအကွယ်ပေးရေး လက်ကမ်းစာစောင်များအား တက်ရောက်လာသူများအား လိုက်လန်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Thursday, July 16, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment