Thursday, July 16, 2015
10:11 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ချောက် ဇူလိုင် ၁၅ ရက်
မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သလုံးသွေးကျေးရွာ မီးလောင်ပျက်စီးသွားသောအိမ်ထောင်စုဝင်များကို ပုံစံ (၇) ဒုတိယမူရင်း ထုတ်ပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉း၃၀ အချိန် ကျင်းပသည်။
အခမ်းအနားကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးဌာနမှုး ဦးသက်နိုင်ထွန်း မှ ပုံစံ (၇) ဒုတိယမူရင်း ထုတ်ပေးရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပုံစံ ( ၇ ) ဒုတိယမူရင်းကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ၊ အတွင်းရေးမှူး မြို့နယ်ဦးစီးဌာနမှူး ဦးသက်နိုင်ထွန်း ၊ အဖွဲ့ဝင် မွေး/ကု ဦးစီးဌာနမှူး ဒေါက်တာ စိုးဝင်းတို့က ပေးအပ်ခဲ့ရာ သလုံးသွေးကျေးရွာ မှ တာဝန်ရှိသူတို့က အသီးသီးလက်ခံရယူခဲ့သည်။
ချောက်မြိုနယ် ၊ သလုံးသွေးကျေးရွာ မီးလောင်ပျက်စီးသွားသည့် ဦင်္းပိုင်ပေါင်း ၆၈ ခု ။တောင်သူပေါင်း ၅၃ ဦးတို့၏ ပုံစံ (၇) ဒုတိယမူရင်း ၆၈ ခုတို့အား ထုတ်ပေးခြင်းဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ မြို့နယ်ဦးစီးဌာနမှူး ဦးသက်နိုင်ထွန်း ပြောကြားချက်အရ သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment