၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ည (၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ချောင်းဆုံလမ်းတွင် လူတစ်ဦးဓါးထိုးခံရပြီး သေဆုံးနေကြောင်း သတင်းအရ အခင်းဖြစ် နေရာသို့ သွားရောက်စစ်ဆေး ရာ သေဆုံးသူမှာ အမှတ်(၁)ရပ်ကွက်နေသူ အောင်ချိုတူး (၄၉)နှစ်ဖြစ်၍ ၄င်းမှာ အရက်မူးလာပြီး တစ်ရပ်ကွက်တည်းနေ ဇော်မျိုးဌေး (၂၆)နှစ်နှင့် စကားများရန်ဖြစ်ရာ အောင်ချိုတူးမှ သတ်ပစ်မည်ဟု ဆဲဆိုကြိမ်းဝါးပြီး ဇော်မျိုးဌေး၏ အိမ်ရှေ့သို့လာ၍ လေးဂွနှင့်ပစ်သဖြင့် ဇော်မျိုးဌေးမှ နေအိမ်အတွင်းရှိ အရိုး အသွား (၁)ပေ (၅) လက်မခန့်ရှိ ဓါးဦးချွန်နှင့်ထိုးရာ အောင်ချိုတူးတွင် ယာဘက်ရင်အုံ ထိုးသွင်း ဒဏ်ရာ၊ ၀ဲနံရိုးအောက် ထိုးသွင်းဒဏ်ရာ၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ယာလက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း စစ်ဆေးသိရှိရသဖြင့် ဇော်မျိုးဌေးအား မြိုင်မြို့နယ်၊ မြို့မ ရဲစခန်း (ပ)၇၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။
Thursday, July 16, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment