Thursday, July 16, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်မြို့နယ်၊ ရွာသစ် ကျေးရွာ အနီး ကျောက်ပန်းတောင်း-နတ်မောက်ကားလမ်း မိုင်တိုင်အမှတ် (၁/၄ နှင့် ၁/၅)အကြားတွင် အမျိုးသမီး တစ်ဦး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ကျောက်ပန်းတောင်းဘက်မှ နတ်မောက်မြို့နယ်၊ ကြက်လျှာကျေးရွာ ဘက်သို့ နတ်မောက်မြို့နယ်၊ ကြက်လျှာကျေးရွာနေသူ ဝေမွန်ဟိန်း (၂၀)နှစ် မောင်းနှင်ပြီး နောက်မှ မြင်းခြံ မြို့နယ်၊ ပျိုးကန်ကျေးရွာနေသူ ဒေါ်ရင်ရွှေ (၅၁)နှစ် လိုက်ပါလာသည့် ၂၆ယ/xxxx ရှာရမ်း ၁၁၀ အနက်ရောင် ဆိုင်ကယ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာစဉ် ဒေါ်ရင်ရွှေမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ကားလမ်းနှင့်ဦးခေါင်း ထိခိုက်မိ၍ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာရရှိ သေဆုံးခဲ့သဖြင့် ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သူ ဝေမွန်ဟိန်းအား နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄၂/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video