၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆူးလေကုန်း ချောင်းထိပ်၊ တပ်ကုန်းရွာအ၀င်ရှိ ဦးအောင်မင်း၏ ပရီးမီးယား စားသောက်ဆိုင်၌ ချဲထီလောင်းကစား ပြုလုပ်နေကြောင်းသတင်းအရ စလင်းမြို့နယ်၊ တညောင်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းမှူး၏ ညွှန်ကြားချက်အရ သက်သေများ နှင့်အတူ ၄င်းဆိုင်သို့ ၀င်ရောက်ရှာဖွေရာ ဆိုင်အတွင်းသို့ ရောက်ရှိနေသော ဆိပ်ဖြူမြို့၊ ရွှေကူကြီး ကွက်သစ်၊ ယောဝရပ်နေသူ စိုးမြင့်အောင်(ခ) စိန်စီ (၅၇)နှစ်၏ အင်္ကျီအိတ်ကပ် အတွင်းမှ သုံးလုံးချဲထီ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းနှင့် လောင်းကြေးငွေ ၂၇၅၀ိ/-တို့ အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် သုံးလုံးချဲထီ လောင်းကစား ပြုလုပ်သူ စိုးမြင့်အောင်(ခ) စိန်စီအား စလင်းမြို့နယ်၊ တညောင် နယ်မြေရဲစခန်း (ပ)၂၂/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Thursday, July 16, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment