၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၁၁) နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်မြို့နယ်၊ လျှော်တောင် ကျေးရွာတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း လျှော်တောင်ကျေးရွာခွဲတာဝန်ခံ ဦးအောင်လွင် မှ ဖုန်းဆက် အကြောင်းကြား၍ သွားရောက်စစ်ဆေးရာ လျှော်တောင်ကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ ဦးညွန့်လှိုင် (၃၀)နှစ်သည် ၀၉၃၀ အချိန်ခန့်တွင် ၄င်း၏ဇနီးဖြစ်သူ မဌေးဦးမှာ တစ်ရွာ တည်းနေ မအေးစန်း၏ နေအိမ်သို့ ရောက်ရှိနေခိုက် နေအိမ်တွင် တစ်ဦးတည်း ကျန်နေစဉ် ၄င်း နေထိုင်သည့် (၄x၃)ပင် မြေစိုက် တစ်ထပ်အိမ် အလယ်ခန်းအတွင်းရှိ ခေါင်လျှောက်တန်းတွင် အရှည် (၉)ပေခန့်ရှိ ပလပ်စတစ် သုံးလွန်းတင်ကြိုးဖြင့် ကြိုးဆွဲချ၍ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၅ ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Thursday, July 16, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment