သရက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြိး သရက်မြို့တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်
ကျောင်းသား/ကျောင်းသူများအား ဆရာမ ဒေါ်ခင်ခင်ကြီး နှင့် တပည့်များဆု အထက(၁) ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး ဘဏ္ဍာအခွန် ၀န်ကြီး ဦးကြည်မင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်မှ လမ်းညွှန်အမှာ စကားပြော ကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဦးထွေးမှီမှ ပညာရေးလမ်းညွှန် အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး
ဒေါ်ရင်ရင်ဆွေမှ ကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြောကြားပေးပြီး ဆရာမ ဒေါ်ခင်ခင်ကြီးနှင့် တပည့်များ အဖွဲ့ ဥက္ကဌ ဦးတင်ထွဍ်၊အတွင်းရေးမှူး ဦးစန်းအောင်တို့မှ ပညာရည်ချွန် ဆုချီးမြှင့်ရခြင်း ရည်ရွယ် ချက်အား တင်ပြ ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် လူရည်ချွန်ဆုနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် (၅)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ(၁)ဦး၊(၄)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ
(၂)ဦး၊(၂)ဘာသာဂုဏ်ထူးဖြင့်အောင် မြင်ခဲ့သူ(၄)ဦး၊ (၁) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ(၁၃)ဦး တို့အား မကွေးတိုင်းဒေသကြီး ဘဏ္ဍာအခွန်ဝန်ကြီး နှင့် တာဝန်ရှိသူ အသီးသီးမှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရကြောင်း သိရသည်။
Thursday, July 16, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment