Friday, July 10, 2015



ချောက် ဇူလိုင် ၁၀ ရက်
ချောက်မြို့ ကျောင်းသားသမ္မဂ သက်မှူးလွင် ဦးဆောင်သော GTI ကျောင်းသား/သူ ( ၁၅)ဦး သံဃာ (၅ )ပါး NLD ( ၇)ဦး စုစုပေါင်း ၂၇ ဦးတို့သည် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ရည်ရွယ်ချက်ဖြင့် ယနေ့နံနက် ၉ နာရီအချိန် ချောက်မြို့ အေးစေတီဘုရားကွင်းပြင်မှစတင်၍ လမ်းမတော် လမ်း ညောင်လှစာရေးတန်း လမ်း ပျဉ်းမလမ်း မှသာသနာဗိမာန်လမ်း နှင့် လမ်းမတော်လမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် လမ်းလျှောက် ဆန္ဒပြခဲ့သည်။
အဆိုပါအဖွဲ့သည် အေးစေတီဘုရား ကွင်းပြင်သို့ နံနက် ၁၀း၂၀အချိန် ပြန်လည်ရောက်ရှိလာကာ
 ချောက်မြို့ ကျောင်းသားသမ္မဂ သက်မှူးလွင် တင်မိုးအောင် ကျော်စွာဟိန်းမကွေးမြို့မှ ကျောင်းသား သမ္မဂ ဌေးကိုဝင်းအောင်ကိုကို မထက်သဉ္ဇာအိမ့် တို့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်
ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လွတ်တော်ထဲက တပ်မတော်သား ၂၅% ပယ်ပျက်ရေး ပုဒ်မ ၅၉(စ ) /(ဃ ) ပြင်ဆင်ရေးစသည့်များ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video