Friday, July 10, 2015

စလင်း ဇူလိုင် ၈
       

မကွေးတိုင်းဒေသကြီး၌ ဒေသအတွင်းမိုးရွာသွန်းမှုအားကောင်းလာခြင်း နှင့် မြစ်ကြောင်းများ ပြောင်းလဲ လာခြင်းတို့ကြောင့်အပေါ်ယံမြေထု၃ပေကျော်ခန့်ရှိပြီးအဆိုပါမြေထုအောက်နုန်းသဲများဖြင့်ဖွဲ့စည်းဖြစ် တည်ခဲ့သော သဲကမ်းပါးများမှာ နေရာအနှံ့ပြိုကျမှုများ ဖြစ်ပွားလျှက်ရှိပြီး ဇူလိုင်လ ၆ရက်နေ့နှင့် ၇ရက်နေ့များအတွင်း စလင်းမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ(၆၀)ခန့် နှင့် လူဦးရေ (၂၅၀)ခန့် ကမ်းပါးပြိုမှုလွတ်ကင်းရာနေရာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
              ၂၀၁၅ ဇူလိုင်လ ၆ရက်နေ့ နံနက် ၆နာရီမှ မှ ညနေ၃နာရီ အချိန်ထိ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းလေး ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့်ပေ(၁၀၀)ခန့်ကွာဝေးသည့် အိမ်ခြေ (၁)အိမ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ ကျား(၂)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၅)ဦးအား ၎င်းတို့ဝယ်ယူထားသော ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၀၄)သို့ လည်းကောင်း၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း ကျေးရွာအရှေ့ဘက်တွင်ဧရာဝတီမြစ်ရေတိုက်စား၍  မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့်
 ပေ(၅၀)ခန့်ကွာဝေးသည့် အိမ်ခြေ(၆)အိမ်၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ ကျား(၁၅)ဦး၊ မ (၁၉)ဦး၊ စုစုပေါင်း (၃၄)ဦးအား ၎င်းတို့ဝယ်ယူထားသော သရက်ကုန်းကျေးရွာ အုပ်စု၊ ဘိုကုန်းကွင်းအမှတ်(၄၆၁)သို့ လည်းကောင်း၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ အချင်းပြစ်မြောက် ကျေးရွာအရှေ့ဘက်တွင် ဧရာဝတီမြစ် ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့်ပေ(၁၀၀)ခန့် ကွာဝေးသည့် အိမ်ခြေ(၆)အိမ်၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ ကျား(၆)ဦး၊ မ (၆)ဦး၊ စုစုပေါင်း (၁၂)ဦးအား ၎င်းတို့ဝယ်ယူထားသော ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၁၆)သို့ လည်းကောင်း၊ ဇီးဖြူပင် ကျေးရွာအုပ်စု၊ ကျူတော အလယ်ကျေးရွာနှင့် ဘိုကုန်းကျေးရွာ ၏အရှေ့ဘက်တွင် ဧရာဝတီမြစ် ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့်ပေ(၂၀၀)ခန့် ကွာဝေးသည့် အိမ်ခြေ(၅)အိမ်၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ ကျား(၁၃)ဦး၊ မ (၁၀)ဦး၊ စုစုပေါင်း (၂၃)ဦးအား ၎င်းတို့ဝယ်ယူထားသော ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၀၆)သို့ လည်းကောင်း၊ တလင်းကြီးကျေးရွာအုပ်စု၊ တလင်းကြီး ကျေးရွာအရှေ့ဘက်တွင် ဧရာဝတီမြစ်ရေ တိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းနှင့်ပေ (၁၀၀)ခန့် ကွာဝေးသည့် အိမ်ခြေ(၅)အိမ်၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ ကျား(၇)ဦး၊ မ (၁၁)ဦး၊ စုစုပေါင်း (၁၈)ဦးအား ၎င်းတို့ဝယ်ယူထားသော တလင်းကြီးကျေးရွာ အုပ်စု၊ ကွင်းအမှတ်(၆၂၈)သို့ လည်းကောင်း ရွာသူ^သားများ၊ ကျေးရွာဖွံ့^ထောက် ကော်မတီဝင်များမှ အသီးသီး ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ရာ ၂၀၁၅ ဇူလိုင်လ ၆ ရက်နေ့တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာမှ လူနေအိမ် (၂၃)လုံး၊ မိသားစုဝင် ကျား (၄၃)ဦး၊ မ(၄၉)ဦး၊ ပေါင်း(၉၂)ဦးတို့အား ၎င်းတို့ဝယ်ယူ ထားသော ကွင်းအမှတ်အသီးသီးသို့ ဝိုင်းဝန်းရွှေ့ပြောင်းပေးခဲ့ရ ကြောင်း သိရသည်။
                ၂၀၁၅ ဇူလိုင်လ ရရက်နေ့ နံနက် ၆နာရီအချိန်မှ ညနေ ၃နာရီအချိန်ခန့်ထိ     မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါး ပြိုသဖြင့် မြစ်ကမ်းပါးနှင့်ပေ(၅၀)ခန့်သာကွာဝေးသော နေအိမ် (၁၃)လုံးမှ မိသားစုဝင် ကျား(၃၃)ဦး၊မ(၃၅)ဦး၊ပေါင်း(၆၈)ဦးတို့အား သရက်ကုန်းကျေးရွာအုပ်စု၊ ဘိုကုန်းကွင်း ကွင်းအမှတ်(၄၆၁)ရှိ ၎င်းတို့ဝယ်ယူထား သောမြေကွက်အတွင်းသို့ လည်းကောင်း ၊
    စလင်းမြို့နယ်၊တလင်းကြီးကုန်းကျေးရွာအုပ်စု၊ တလင်းကြီးကုန်းကျေးရွာ၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ် ကမ်းပါးပြိုသဖြင့် မြစ်ကမ်းပါးနှင့် ပေ(၁၀၀)ခန့်သာ ကွာဝေးသော နေအိမ် (၁၀)လုံးမှ မိသားစုဝင် ကျား(၂၀)ဦး၊မ(၂၅ဦး၊ ပေါင်း(၄၅)ဦးအား တလင်းကြီးကုန်းကွင်း ကွင်းအမှတ်(၆၂၈)ရှိ ၎င်းတို့ဝယ်ယူထားသောမြေကွက် အတွင်းသို့ လည်းကောင်း၊
    စလင်းမြို့နယ်၊အရှေ့ရှားတောကျေးရွာအုပ်စု၊ မှရိုးကုန်းကျေးရွာ၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြို သဖြင့် မြစ်ကမ်းပါးနှင့် ပေ(၁၁၀)ခန့်သာကွာဝေးသော နေအိမ်(၅)လုံးမှ မိသားစုဝင် ကျား(၉)ဦး၊ မ(၁၁)ဦး၊ ပေါင်း(၂၀)ဦးအား သရက်ကုန်းအုပ်စု၊ဘိုကုန်းကွင်းအမှတ်(၄၆၁)ရှိ ၎င်းတို့ဝယ်ယူထားသောမြေကွက်အတွင်းသို့လည်းကောင်း၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊အချင်းပြစ်(တောင်^မြောက်)ကျေးရွာတို့၏အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်း ပါးပြိုသဖြင့် မြစ်ကမ်းပါးနှင့် ပေ(၁၀၀)ခန့်သာကွာဝေးသော နေအိမ်(၅) လုံးမှ မိသားစုဝင် ကျား(၄)၊မ(၄)၊ပေါင်း(၈)ဦးအား ဇီးဖြူပင်အုပ်စုကွင်းအမှတ်(၄၁၆)ရှိ ၎င်းတို့ဝယ်ယူထားသောမြေကွက်အတွင်းသို့လည်းကောင်း၊ စလင်းမြို့နယ် ၊ သနပ်ကုန်း ကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့၏ အရှေ့ဘက်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုသဖြင့် မြစ်ကမ်းပါးနှင့် ပေ(၁၄၀)ခန့်သာကွာဝေးသော နေအိမ်(၄) လုံးမှ မိသားစုဝင် ကျား(၉)ဦး၊မ(၇)ဦး၊ပေါင်း(၁၆)ဦးတို့အား ပျိုးခင်းကုန်းအုပ်စုကွင်းအမှတ်(၄၆၂)ရှိ ၎င်းတို့ဝယ်ယူထားသောမြေကွက် အတွင်းသို့လည်းကောင်း ကျေးရွာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များ၊ဒေသခံများဖြင့် ဝိုင်းဝန်းရွှေ့ပြောင်းနေကြောင်း သိရပြီး ၂၀၁၅ ဇူလိုင်လ ၇ရက်နေ့အတွင်းတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခဲ့သဖြင့် စုစုပေါင်း ကျေးရွာအုပ်စု (၅)အုပ်စု၊ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၃၇)လုံး၊ အိမ်ထောင်စု(၃၇)စုမှ ကျား(၇၅) ဦး၊ မ(၈၂)ဦး၊ ပေါင်း(၁၅၇)ဦး နေရာပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့သည်။
                မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ၂၀၁၅ ဇွနလ် ၂၂ ရက်နေ့မှ ၂၀၁၅ ဇူလိုင် လ ၄ ရက်နေ့ထိ ပြောင်းရွှေ့ခဲ့ရသည့် ရေပေါ်ကျွန်းကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ဆင်မကျွန်းကျေးရွာ၊ သနပ်ကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ အရှေ့ရှားတောကျေးရွာနှင့် တလင်းကြီးကုန်း ကျေးရွာတို့မှ ပြောင်းရွှေ့နေအိမ်(၈၀) လုံးအတွက် လူမှု ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ကျားဝတ်လုံချည်(၈၀)ထည်၊ မဝတ်လုံခြည်(၈၀)ထည်၊ မျက်နှာသုတ် ပုဝါ(၈၀)ခုနှင့် ကာဘော်လစ်ဆပ်ပြာ(၈၀)တောင့်တို့အား စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်း အဝေးခန်းမတွင် ၂၀၁၅ ဇူလိုင်လ ၇ရက်နေ့ နံနက် ၁၀နာရီအချိန်မှ အချိန်မှ ညနေ ၄နာရီခွဲ အချိန်ထိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီတို့မှ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ရာ  ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပြောင်းရွှေ့အိမ်ထောင်စုမိသားစုများထံထပ်မံလွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရပြီး ကျန်ရှိနေသောပြောင်းရွှေ့ပြည်သူများအား အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများထံမှ သိရသည်။

               
    

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video