Saturday, July 11, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ညနေ (၆)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်၊ ယမ်းကျေးရွာအနီး လောင်းရှည်-စေတုတ္တရာ-ငဖဲကားလမ်းရှိ လမ်းကျောက်ခွဲ အလုပ် သမားများ နေထိုင်သည့် ယာယီတဲများအနီးတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ လောင်းရှည် နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အား စစ်ဆေးရာ မြို့သစ်မြို့နယ်၊ ဘော့ကျေးရွာနေ မြင့်ဇော်(၃၄)နှစ်နှင့် တစ်ရွာတည်းနေ သိန်းစိုး (၃၃)နှစ်တို့သည် လမ်းခင်းကျောက်ခွဲသည့် လုပ်အားခငွေရှင်းလင်းကြရာမှ တစ်ယောက် တစ်ခွန်း စကား များ ရန်ဖြစ်ကြပြီး သိန်းစိုးမှ အရိုး(၆)လက်မ၊ အသွား(၁)ပေ (၆)လက်မ၊ ဗျက် (၂) လက်မခန့်ရှိ ဓါးဖြင့် ခုတ်ရာ မြင့်ဇော်တွင် ဘယ်နှာခေါင်းရိုးအစပ်မှ ဘယ်နားရွက်အထိ အလျား(၇) လက်မခန့်၊ အနက် (၁) လက်မ ခွဲခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်းထိပ် တည့်တည့် အလျား(၉) လက်မ၊ အနက်(၁)လက်မ ခန့် ပြတ်ရှဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) ရရှိခဲ့ပြီး မြင့်ဇော်မှ အရိုး(၃)လက်မ၊ အသွား(၆)လက်မ၊ ဗျက်(၂)လက်မ ခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးရာ သိန်းစိုးတွင် ယာဘက် ပေါင်ရင်းနှင့် ဆီးခုံခွကြားတွင် အနက်(၄)လက်မခွဲခန့်၊ အကျယ်(၁)လက်မခန့်ထိုးသွင်းဒဏ်ရာ (၁)ရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားသဖြင့် မြင့်ဇော် အား ဆောမြို့နယ်၊ လောင်းရှည်နယ်မြေ ရဲစခန်း (ပ)၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video