Saturday, July 11, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် (၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဦးကြည်ဝင်း၏နေအိမ်တွင် လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေး မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၄၁/၂ဝ၁၅)ဖြင့် ဦးကြည်ဝင်း၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ ရာ နေ အိမ်ရှေ့တံခါးမကြီးပိတ်ထားလျှက် တွေ့ရှိပြီးနေအိမ်အတွင်းမှ ဦးကြည်ဝင်း ၏သားဖြစ်သူ သန်းအေး (၃၈)နှစ်သည် နေအိမ်ခြေရင်း တံခါးပေါက်မှ ခြေရင်းအိမ်ရှိ ဒေါ်သိန်းနေအိမ် ဝိုင်းဘက်သို့ နှစ်လုံးချဲထီ စာအုပ်များ လွှင့်ပစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ လွှင့်ပစ်ပြီးနောက် နေအိမ်တံခါးအား ဖွင့်ပေး၍ နေအိမ်တွင်း ဝင်ရောက်ရှာဖွေရာ နှစ်လုံး/ချဲထီဘောက်ချာ စာရွက် (၁)ရွက် ၊ လောင်းကစား ကိရိယာများ၊ လောင်းကြေးငွေစက္ကူရောရာ (၅၉,၅၅ဝိ/-)နှင့် HUAWEI အနက်ရောင်ဖုန်း(၁)လုံးတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် နှစ်လုံးထီလောင်းကစားမှု ပြုလုပ်သူ သန်းအေးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၅၆/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)အရ အမှုဖွင့် အရေး ယူ ဆောင် ရွက်ထားကြောင်း သတင်းရရှိပါသည်။

အလားတူ ၎င်းနေ့ (၁၂း၁၅) အချိန်ခန့်တွင် အောင်လံဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့သည် သရက် ခရိုင် ရဲတပ်ဖွဲ့မှူး၏ တာဝန်ပေးချက်အရ သက်သေများနှင့်အတူ သတင်းအရ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၈/၁၅)ဖြင့် အောင်လံမြို့နယ်၊ ပျဉ်းပင်လှရွာနေ မရီရီသင်း(၃၇)နှစ် ၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆင်းကဒ် ၂ ခုပါ OPPO R 831 K ခဲပုတ်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဆင်းကဒ် ၂ ခုပါ HUAWEI 730 လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ငွေစက္ကူရောရာ ၇၃,၆၅ဝိ/-တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မရီရီသင်းအား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်း (ပ)၃၄/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိပါသည်။ 

အလားတူ ၎င်းနေ့ နံနက် (၁၁) နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၃/၂ဝ၁၅)ဖြင့် ရေစကြိုမြို့နယ်၊ တောရကုန်းကျေးရွာနေ မအေးကြည်(၄၅)နှစ်၏ နေအိမ် အား ဝင်ရောက် ရှာဖွေရာ မအေးကြည်၏ အိမ်ခေါင်းရင်း အဖီဆွဲထားသည့်နေရာရှိ စားပွဲပေါ်မှ နှစ်လုံးထီ၊ ချဲထီလောင်း ကစားရာ တွင် အသုံးပြုသော စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်များ၊ လောင်းကြေးငွေရောရာ ၁၆,၈၅ဝိ/- တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင် နှစ်လုံးထီ၊ ချဲထီ လောင်းကစားပြုလုပ်သူ မအေးကြည်အား ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်း(ပ) ၆၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video