Saturday, July 11, 2015

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ(၆)နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင် ၊ ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းမှူးနှင့်အဖွဲ့သည် လူတစ်ဦးဓါတ်လိုက်သေဆုံးကြောင်း သတင်း အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

 သေဆုံးသူမှာ မြို့နယ်လျှပ်စစ်ဝန်ထမ်း လိုင်းမင်းအကူအရပ်သားဖြစ်သူ ရေစကြိုမြို့နယ်၊ ဖူလုံရွာနေ ကြည်လွင်(၄၆)နှစ်ဖြစ်ပြီး လျှပ်စစ်ဝန်ထမ်း ဦးသက်ထွေးနှင့်အတူ မီးပျက်၍ လျှပ်စစ်လိုင်းများအား လိုက်လံ စစ်ဆေးစဉ် ပခုက္ကူ-မုံရွာကားလမ်း၊ ရေစကြိုမြို့အဝင်ရှိ အမြင့် ၂၈ ပေရှိသော 11 KV ဓါတ် အားလိုင်းတွင် အမြင့် ၂၄ ပေခန့်၌ တပ်ဆင်ထားသည့် မိန်းခလုတ်အား ကြည်လွင်မှ ဓါတ်တိုင်ပေါ်သို့ တက်၍ မိန်းတင်ရာ ဓါတ်လိုက်၍ ယာနံဘေးနှင့် ပေါင်ခွာဆုံရှေ့ဘက်ခြမ်း၊ မီးလောင်စုတ်ပြဲ ဒဏ်ရာရရှိကာ ဓါတ်တိုင်ပေါ် မှ အောက်သို့ပြုတ်ကျပြီး ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖျံ/တံတောင်ဆစ်၊ ယာလက်ကောက် ဝတ်တို့တွင် စုတ်ပြဲဒဏ်ရာများရရှိ သေဆုံးသွားခဲ့၍ ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၇/၂ဝ၁၅) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video