Saturday, July 11, 2015
5:42 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ပခုက္ကူ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် လမ်းရွာကျေးရွာတွင်ရှေ့ဆောင်စာကြည့် တိုက်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ ရက် နံနက်(၉)နာရီအချိန်၌ အဆိုပါကျေးရွာ စာကြည့်တိုက်ရှေ့တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားရာ စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲရေး စာအုပ်စာစောင်များတိုးပွါးအောင် ဝိုင်းဝန်း ဆောင်ရွက်ရေးနှင့်စာဖတ်သူဦးရေတိုးပွါးရေးတို့ကို ဦးစားပေးဆောင်ရွက် သွားကြရန် မှာ ကြားခြင်း ညွှန်ကြားရေးမှူးချုပ်က စာကြည့် တိုက်သို့ စာအုပ်စာစောင်များကို ပေးအပ် လှူဒါန်းပြီး
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်
လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများစက်ရုံ (ဝါဇီ) ဒုတိယစက်ရုံမှူး ဗိုလ်မှူးကြီး မြင့်အောင် လမ်းရွာကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်စန်းစန်းညွန့် တို့ကကျေးရွာစာကြည့် တိုက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အဆိုပါ စာကြည့်တိုက်ကို မြန်မာနိုင်ငံစာ ကြည့်တိုက်များဖောင်ဒေးရှင်းမှထောက်ပံ့ငွေ (၁၀)သိန်း နှင့်စေတနာရှင်များနှင့်ပြည်သူများ လှူဒါန်းငွေ (၂၈)သိန်း စုစုပေါင်း(၃၈)သိန်းဖြင့် အလျား ၂၄ ပေ အနံ ၂၀ ပေ အမြင့် ၁၀ ပေ ရှိအဆောက်အဦအားအကုန်ကျခံဆောက်လုပ် ဖွင့်လှစ်ပေးကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment