Friday, July 10, 2015


မြို့သစ်     ဇူလိုင်     ၁၀
    မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာ ခန်းမ၌ ဇူလိုင် ၈ ရက်နေ့လည် ၂ နာရီက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီးဦးကျော်စိုး၊ ဆရာ/ ဆရာမများ  နှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၁၃၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
    အခမ်းအနားတွင် မြို့သစ်မြို့နယ် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြတ်သွင်မှ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ၊ ဓါတုဆိုးဆေးကင်း လွတ်အစားအစာများ ရွေးချယ်စားသုံးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နတ်မောက် မြို့နယ်တာဝန်ခံ ဦးမြိုင်က စားသုံးအကာအကွယ်ပေးရေးဥပဒေပါ စားသုံးသူနှင့်စီးပွာရေး လုပ်ငန်းရှင်များ၏ အခွင့်အရေး၊တာဝန်များ၊လုပ်ငန်းရှင်များအတွက်တားမြစ်ချက်များ အရေးယူနိုင် ခွင့်ရှိသော စီမံခန့်ခွဲမှုအပြစ်ဒဏ်ပြစ်မှုပြစ်ဒဏ်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။
    ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးသန်းဇော်မြင့်မှ ကျန်းမာရေးအသိပညာ ပေး လုံသုံးလုံ၊သန့်လေးသန့်၊ဖုံး သွန် လဲ စစ်နှင့်ခုလိုအချိန်တွင်အဖြစ်များသောသွေးလွန်တုပ်ကွေး ရောဂါအကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ အားဖြန့်ဝေပေးခဲ့သည်။
    ထို့အပြင် ကျောင်းအတွင်းရောင်းချနေသည့်ဈေးဆိုင်များမှ ဈေးရောင်းချနေသူများကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ အသိပညာပေးဟောပြောပွဲများကို မူလတန်း၊ အလယ်တန်းအဆင့်ကျောင်းများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video