မကွေး၊ ၂၀၁၅ ခုနှစ် ၊ ဇူလိုင်လ (၁၀) ရက်
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ ကို (၁၀.၇.၂၀၁၅) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆၈)ဦးရှိသည့်အနက်(၆၂)ဦးတက်ရောက်၍ (၉၁.၁၈) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကိုလွှတ်တော်ကိုယ်စားလှယ် (၃)ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ ဥပဒေကြမ်း အပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာကို ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်၊ စလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်က ဖတ်ကြားတင်ပြပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးဥပဒေကြမ်းတစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပါပြီး ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန် အစည်း အဝေး တတိယနေ့ကို (၁၀၅၅)အချိန်တွင် ရပ်နားကြောင်းနှင့် စတုတ္ထနေ့အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် (တနင်္လာနေ့) (၁၀၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။




0 comments:
Post a Comment